preloader

Ef a Tale of Melodies

By: LIGHTHOUSE FANSUB

Link Count: 12

Plot Summary

~~~~~~~~~~~~~~~~~~~~~ "Ef a Tale of Melodies"က​တော့ "Ef a Tale of Memories"ရဲ့ ​နောက်​ပိုင်းကာလကို တင်ဆက်​ထားတယ်​လို့ ​ပြောရင်​မမှားပါဘူး။ "Melodies"စီးရီးမှာ​တော့ ပထမစီးရီး "Memories"မှာ အရံ​ဇာတ်​​ပို့​တွေအဖြစ်​ ပါဝင်ထားတဲ့ "ဟီမူရ"၊ "ယုကို"၊ "ကူဇဲ"၊ "မီဇုကီ"တို့ကို အဓိက​ဇာတ်​​ဆောင်​အဖြစ်​ထားပြီး တင်​ဆက်​ထားတာ ဖြစ်​ပါတယ်​။ "Tale of Melodies"ဆိုတဲ့အတိုင်း ဇာတ်​လမ်းတစ်​​လျှောက်​လုံး "ကူဇဲ"တီးခတ်​ခဲ့တဲ့ "A Moon Filled Sky"​တေးသွားဟာ ​နောက်​ခံ​တေးတစ်​ခုထက်​ပိုတဲ့ အခန်းကဏ္ဍမှာ ပါဝင်​​နေပါတယ်​။ "Memories"ထက်​ကို ပို​လေးနက်​ပြင်းထန်​တဲ့ ခံစားချက်​​တွေနဲ့ မ​မေ့နိုင်​စရာအမှတ်​တရ​တွေကို ကျွန်​​တော်​တို့ရင်​ထဲ ဆိုက်​ဆိုက်​မြိုက်​မြိုက်​ ပစ်​သွင်းမယ့်​ စီးရီးရဲ့ဇာတ်​ရှိန်​အမြင့်​ဆုံး​သော အစိတ်​အပိုင်းဆိုလည်း မမှားပါဘူး။ ဇာတ်​လမ်းက ဇာတ်​နာသလို၊ ဝမ်းနည်းဖို့​လည်း​ကောင်းတဲ့အတွက်​ စိတ်​နုတဲ့သူ​တွေ ကြည့်​ဖို့ကို အားမ​ပေးလိုပါဘူး။ - ချက်​စ်​​ကျောင်းမှာ အမြဲလိုလို ရှိ​နေတတ်​တဲ့ "ဟီမူရ"ရဲ့ ​နောက်​​ကြောင်း - ပ​ဟေဋ္ဌိဆန်​ဆန်​ ​ပေါ်လာတတ်​၊ ​ပျောက်​ကွယ်​သွားတတ်​တဲ့ "ယုကို"ရဲ့ တည်​ရှိမှုအစစ်​အမှန်​ - ​ကမ္ဘာ့အဆင့်​ တ​ယောပညာရှင်​ "ကူဇဲ"ရဲ့ ​တေးသွား​တွေကို ​နောက်​ထပ်​ မတီးခတ်​ဖြစ်​​တော့တဲ့ အ​ကြောင်းရင်း - ​အမြဲလိုလို ပြုံးရယ်​​နေတတ်​ပြီး ​ပေါ့​ပေါ့ပါးပါး​နေတတ်​တဲ့ "မီဇုကီ"ရဲ့ ​နောက်​​ကြောင်း... စတာ​တွေရဲ့အ​ဖြေ​တွေကို ကြည့်​ရှုရမှာြ

Anime Detail

Date of release: 2008

Status: FINISHED

Genre: Drama , Mystery

Scores: 7.7

Views:

Top Rated Manga